COVID 19 ဒုတိယလိုင်း နှင့်အတူ
စားသုံးသူနဲ့ တောင်သူကိုဘယ်လိုစီမံပေးမှာလဲ?
================================
COVID 19 ပထမလိုင်း ဂေါ်ဖီထုပ် ခရမ်းချဥ်
မြင်မကောင်းအောင်စွန့်ပစ်ရမည့်အရေးကနေ
လိုအပ်နေသောသူများမြန်ပြည်အနှံ့ အလှုရှင်
နှင့် တောင်သူပူးပေါင်းကာ သိန်းထောင်ချီ
တန်ဖို့ရှိလှုဒါန်းပေးခဲ့ကျပါသည်
ဒါကလည်းကြုံလာလို့ လတ်တလော
ဖြေရှင်းနည်းပါ အမြဲလုပ်လို့မဖြစ်နိုင်ပါ
COVID 19 ဒုတိယလိုင်း ယခုအချိန် ယခင်ထက်
တောင်သူများစိုက်ပျိုးထားသည်က ဧက ပိုများ
ပါသည် ဂေါ်ဖီထုပ် နှင့်အတူ ခရမ်းချဥ် ပိုများ
ပါသည်
စျေးကောင်းရတော့ စုပြုံစိုက်ကျတာ
ထုံးစံပါ အာလူးကတော့ ပုံမှန်ပါ တခြားပြောင်း
မြေပဲ ဂျင်း ကြက်သွန် ကတော့ပျက်စီးမလွယ်
တော့ အထူးမပြောလိုပါ
ယခင်ပထမ အတွေ့အကြုံအရ
၁= ကုန်စည်စီးဆင်းရန်လမ်းကြောင်းအခက်အခဲ
၂= စျေးပိတ်ဆိုင်ပိတ် ခရီးသွားလာရပ်
၃= ကြားဝင်ဖြေရှင်းပေးမည့်အဖွဲ့အစည်း
အတိအကျမရှိခြင်း
၄=သယ်ဆောင် ကားခ စျေးကြီးလွန်းခြင်း
၅= အကြောက်တရားကိုသာလက်ကိုင်ထားပြီး
ကျော်လွှားနည်း မစီမံနိုင်ခြင်း
၆= စားသုံးသူကငတ် တောင်သူ အခင်းဖျက်
စသည်စသည် အခက်အခဲများကြောင့်
ကျနော်တို့မစွမ်းသာပေမဲ့စွမ်းခဲ့ရပါသည်
ဝမ်းနည်းဖွယ်အကောင်းဆုံးမှာ တောင်သူအပေါ်
မှီခိုနေသော ကုန်သည် ပွဲစား သွင်းအားစုအဖွဲ့များ
တစ်ဦး နှစ်ဦး တချို့သာပါဝင်ခဲ့ကျပါတယ်
ယခုဒုတျိယလိုငျး အစ စားသုံးသူအလှနျ
စျေးကြီးစွာဝယ်ယူရတာ သဘာဝမကျပါ
ယခု တောင်သူများရနေသောစျေး လူတိုင်း
ဝယ်ယူနိုင်သောစျေးပါ တကယ်လက်တွေ့
ရန်ကုန်တခုထဲစျေးကွက်မှာပေါက်စျေးက
ထက်ဝက်ကွာလွန်းနေတာတွေ့ရပါတယ်
ကြားခံဝန်ဆောင်မူ့ပြုသူများ အခက်အခဲကို
ပူးပေါင်းပါဝင်ခြင်းပြုစေလိုပါသည်
အခွင့်အရေးအဖြစ်အသုံးမချစေလိုပါ
သင့်တင့်သောအမြတ်ယူပါ
ဒီထက်ဆိုးဝါးလာပါက တောင်သူနှင့်
စားသုံးသူ ကြား တာဝန်ရှိအစိုးရမင်းများ
ကြားဝင် စီမံပေးစေလိုပါတယ်
စားသုံးသူပြည်သူ အင်မတန် အခက်အခဲ
ကြုံလာကဘယ်တောင်သူမှနေမှာမဟုတ်ပါ
အခုစိုက်ထားတာတွေက မြန်မာနိုင်ငံသား
များစားဖို့ပါ တခြားနိုင်ငံ အတွက်မပါပါ
လုံးဝ လုံးဝ စားသုံးသူအများပြည်သူ
အခက်ခဲဖြစ်နေရင် တောင်သူတွေမနေပါ
လှုမှာပါကျနော်တာဝန်ယူရဲရဲပြောနိုင်ပါတယ်
ယခုကြားကာလ အရမ်းကြီးမခက်ခဲသေးချိန်
အစီအမံကောင်းကောင်း လမ်းကြောင်းကောင်း
ရှာကာစနစ်တကျ ကူညီစေလိုပါတယ်
ပထမအကြိမ်က ပရဟိတ အဖွဲ့များချိတ်ဆက်
ပေးလှုခြင်းဖြင့် အသုံးပြုပြီးဖြေရှင်းခဲ့ပါသည်
ဒုတိယအကြိမ် ———————-????????
မှတ်ချက် === ဒီနေ့ zoom meeting မှာ
တင်ပြမယ် ကြံထားတာလူ ၁၀၀ ကျော်နဲ့
ပြောကျဆိုကျ မယ်ဆိုတော့ တယောက်ကို
၃မီနစ် အသော့နှင် အမြန်ပြောစနစ် နဲ့ဆိုတော့
ဖျက်လိုက်ရတယ် ကျနော်တို့ဆီမှာ တောင်သူကို
ပြောတာဘဲများတယ် တောင်သူကပြန်ပြောခွင့်
အရမ်းနည်းပါးတယ် သူလည်းဗဟိုချုပ်ကိုင်မူ့
စနစ်တစ်ခုပါဘဲ ပြသာနာဖြစ်မှပြောခွင့်ရတာပါ
ပြောခြင်ရင် ပြသာနာရှာရင်ရှာ မဟုတ်ရင်
ပြသာနာကိုစောင့်ဘဲ
ပြည်သူတွေအသံတာဝန်ရှိသူထံရောက်ဖို့
တင်ပြလိုက်ရပါသည်
အားလုံးဘေးကင်းကျပါစေ
ခွန်အာလူး ခ Khun San Oo




Comments
Post a Comment