ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ရတဲ့ တကယ့် အကြောင်းရင်း ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ရတဲ့ တကယ့် အကြောင်းရင်း ————————————– တရုတ် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကို စာအုပ်တွေ အများကြီးထွက်ပြီး ရှုထောင့်အမျိုးမျိုးက ချဉ်းကပ်သုံးသပ်ကြတဲ့အနက် “ တရုတ်ပြည်တွင်းမှာ လူတန်းစားချင်း ကွာဟချက်ကြီးမားလာတာကြောင့် တရုတ်နဲ့ အမေရိကန်ကုန်သွယ်ရေးစစ်ဖြစ်ရတယ်” လို့ စာရေးသူ ၂ ဦးက ရေးထားတဲ့အတွက် ထူးခြားပါတယ်။ ဒါဟာ သတင်းကောင်းပါ။ ဒီအတိုင်းဆို ကုန်သွယ်ရေးစစ်ကနေ အမေရိကန်နဲ့ တရုတ် စစ်တကယ်ထဖြစ်ဖို့ မလိုတော့ဘူး။ တရုတ်ပြည်တွင်း မညီမမျှ ဖြစ်မှုတွကို ပြင်ဆင်လိုက်ရင်၊ အမေရိကန်ရဲ့ ဘဏ္ဍာရေးစနစ်ကို တစ်ကမ္ဘာလုံးက မှီခိုနေရမှုတွေကို ပြင်ဆင်လိုက်ရင် အဆင်ပြေသွားမယ်လို့ စာအုပ်က ဆိုထားတာပါ။ စာအုပ်က ၂၀၂ဝ ထုတ်ပါ။ ဒီစာအုပ်အကြောင်း မပြောခင်တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေးစစ်အကြောင်းနည်းနည်းပြန်ပြောချင်ပါတယ်။ အဓိကကတော့ “တရုတ်ကနေ အမေရိကန်ကိုပဲ ရာင်းနေတယ်၊ အမေရိကန်ဆီကနေ တရုတ်က ပြန်ဝယ်တာနည်းတယ်၊ ရလဒ်အဖြစ် အမေရိကန်လုပ်ငန်းတွေ ပုတ်ပြီး အမေရိကန်တွေ အလုပ်လက်မဲ့ဖြစ်တယ်၊ ဒါ့ကြောင့် တရုတ်က အမေရိကန်ကုန်ပစ္စည်းတွေကို ပြန်ဝယ်ပါ၊ မဝယ်...